48
နာက်ဆုံးအစီရင်ခံစာ အာက်တိုဘာ၊ ၂၀၁၇ သထုံသဘာဝဓါတ်ငေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်း အတွက် သဘာဝပတ်ဝန်းကင်နှင့် လူမှုရေးဆိုင်ရာ စီမံခန့်ခွမှ ဒသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပအစီရင်ခံစာ မူရင်း။ ဖစ်ခ်နာ ဖစ်ခ်နာ SFG3712 V1 REV Public Disclosure Authorized Public Disclosure Authorized Public Disclosure Authorized Public Disclosure Authorized

SFG3712 V1 REV Public Disclosure Authorized · 2018. 2. 23. · FICHTNER . Sarweystrasse 3 70191 Stuttgart P.O. 10 14 54 70013 Stuttgart Germany Phone: + 49 711 8995-0 Fax: + 49 711

  • Upload
    others

  • View
    1

  • Download
    0

Embed Size (px)

Citation preview

  • နောက်ဆုံးအစီရင်ခံစာ အောက်တိုဘာ၊ ၂၀၁၇

    သထုံသဘာဝဓါတ်ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်း

    အတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု

    ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွအဲစီရင်ခံစာ

    မူရင်း။ ဖစ်ခ်ျနာ

    ဖစ်ခ်ျနာ

    SFG3712 V1 REVP

    ublic

    Dis

    clos

    ure

    Aut

    horiz

    edP

    ublic

    Dis

    clos

    ure

    Aut

    horiz

    edP

    ublic

    Dis

    clos

    ure

    Aut

    horiz

    edP

    ublic

    Dis

    clos

    ure

    Aut

    horiz

    ed

  • FICHTNER

    Sarweystrasse 3 ● 70191 Stuttgart P.O. 10 14 54 ●70013 Stuttgart Germany Phone: + 49 711 8995-0 Fax: + 49 711 8995-459 www.fichtner.de ဆက်သွယ်ရန်။ ဟန်းစ်ဘက်

    ဖုန်းနံပါတ်။ ၀၀၄၉ ၆၂၂၇ ၃၅၈၅၆-၁၀

    အီးမေးလ်။ hans.back@fitchner .de

    နံပါတ်စဉ် နေ့စွဲ အကြောင်းအရာ/ ပြင်ဆင်ချက် ရေးသားပြုစု/

    စီစစ်တည်းဖြတ်ခြင်း စစ်ဆေး/

    ထုတ်ပြန်ခြင်း ၀ ၂၉.၅.၂၀၁၇ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲ

    အစီရင်ခံစာ ဆိုစာ ဘက်

    ၁ ၂၅.၈.၂၀၁၇ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲ အစီရင်ခံစာ - ပြန်လည်စီစစ်ခြင်း ၀၁

    ဆိုစာ ဟိန်းနိုး

    ၂ ၁၂.၁၀.၂၀၁၇ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲ အစီရင်ခံစာ- နောက်ဆုံးအစီရင်ခံစာ

    ဆိုစာ ဟိန်းနိုး

    http://www.fichtner.de/

  • သက်ဆိုင်မှုမရှိကြောင်းရှင်းလင်းချက်

    ဤမှတတ်မ်းတွင်ပါဝင်သောအချက်များသည် FICHTNER (ဖစ်ခ်ျနာ) ၏စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်သူများနှင့် အခြားသဘောတူစာချုပ်ချုပ်ဆိုထားသော သူများနှင့်သာ သက်ဆိုင်ပါသည်။ ဤမှတတ်မ်းတွင်ပါဝင်သောအချက်များအားလုံး (သို့မဟုတ်) တစိတ် တပိုင်းကို စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သူမှခွင့်ပြုချက်မရဘဲ ရယူနိင်ုခွင့်မရှိပါ။ ဤစာတမ်းတွင်ပါဝင်သော သတင်းအချက်အလက်များ၏ တိကျမှုနှင့်ပြည့်စုံမှုတို့သည် FICHTNER ၏တာဝန်မဟုတ်ကြောင်း ဖော်ပြပါသည်။

  • မာတိကာ

    ၁။ နိဒါန်း ၁-၁ ၁.၁ တရားဝင်လုပ်ပိုင်ခွင့်များ ၁-၁ ၁.၂ လုပ်ငန်းစဉ် ၃.၁ ။ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲ ၁-၁ ၂။ စီမံကိန်း နောက်ခံအကြောင်းအရာနှင့် ရည်ရွယ်ချက် ၂-၁ ၃။ ပါဝင်ပတ်သက်နေသောကျေးရွာများ ၃-၁ ၄။ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲများ ၄-၁ ၄.၁ အစီအစဉ်နှင့် နေရာ ၄-၁ ၄.၂ တက်ရောက်သူများ ၄-၄ ၄.၃ အသုံးပြုခဲ့သော နည်းလမ်းများ ၄-၉ ၄.၄ တင်ပြမှုတွင် ပါဝင်သောအကြောင်းအရာများ ၄-၁၀ ၄.၅ မေးခွန်းများနှင့် ဖြေကြားချက်များ ၄-၁၁ ၄.၅.၁ ကျေးရွာလူထု၏ မျှော်လင့်ချက်များ ၄-၁၂ ၄.၅.၂ ကျေးရွာ လူထု၏ စိုးရိမ်မှု ၄-၁၃ ၄.၅.၃ ကျေးရွာလူထု၏ အကြံပြုချက်များ ၄-၁၄ ၄.၆ ပြည်သူလူထု၏ ဆွေးနွေးပွဲအပေါ်သုံးသပ်ချက်များ ၄-၁၄ ၅။ ဓါတ်အားပေးစက်ရုံစီမံကိန်းအသစ်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ

    စီမံခန့်ခွမှဲုနှင့် ပတ်သက်၍ ပြည်သူ များ၏တိုင်ကြားစာ/အကြံပြုစာများအပေါ် ဖြေရှင်းရန် စီမံချက် (GRM)

    ၅-၁

    ၆။ အကြံပြုချက်များ ၆-၁ ၆.၁.၁ ပြည်သူများ၏ အကြံပြုစာ/တိုင်ကြားစာများအပေါ်ဖြေရှင်းရန်စီမံချက်

    (GRM) ၆-၁

    ၆.၁.၂ အခြားသော ဆက်သွယ်ရေးနည်းလမ်းများ ၆-၂ ၆.၁.၃ ပတ်ဝန်းကျင်နှင့် ပြည်သူလူထု၏ကျန်းမားရေးကို စောင့်ကြည့်မှတ်သားခြင်း ၆-၂ ၇။ နောက်ဆက်တွမျဲား ၇-၁ နောက်ဆက်တွဲ၁ - လက်ကမ်းစာစောင် (မြန်မာဘာသာ အင်္ဂလိမ်ဘာသာ)

    (Annex 1: Leaflet - English and Burmese, Pdf. Page 7-2) ×

    နောက်ဆက်တွဲ၂ - ပါဝါပွိုင့်တင်ပြချက်များ (မြန်မာဘာသာ အင်္ဂလိပ်ဘာသာ) (Annex 2: PowerPoint - English and Burmese, Pdf. Page 7-6)

    ×

    နောက်ဆက်တွဲ၃ - တွေ့ဆုံဆွေးနွေးပွဖဲိတ်ကြားစာ(မြန်မာဘာသာ အင်္ဂလိပ်ဘာသာ) Annex 3: Invitation letter - English and Burmese, Pdf. Page 7-16)

    ×

    နောက်ဆက်တွဲ၎ - တက်ရောက်သူများစာရင်းနှင့် တက်ရောက်သူများမှ စာရင်းသွင်းလက်မှတ် ရေးထိုးထားသည့်ပုံစံ စာရွက်များ (Annex 4: Participants List and filled Registration Form, Pdf. Page 7-18)

    ×

    ၂၀၁၇ ခုနှစ်၊ မေလ (၂) ရက် နံနက်ပိုင်း အစီအစဉ် - သန်ဘန်ရွာ (2nd of May, 2017: Morning session at Than Ban village, Pdf. Page 7-25)

    ×

    ၂၀၁၇ ခုနှစ် မေလ (၂) ရက် နေ့လည်ပိုင်း အစီအစဉ် - အင်းရှည်ရွာ (2nd of May, 2017: Afternoon session at Inn Shay village, Pdf. Page 7-27)

    ×

    က

  • ၂၀၁၇ ခုနှစ် မေလ (၃) ရက်၊ နံနက်ပိုင်း အစီအစဉ် - ကြာပန်းရွာ (3rd of May, 2017: Morning session at Kyar Ban village, Pdf. Page 7-29

    ×

    ၂၀၁၇ ခုနှစ်၊ မေလ (၃) ရက် ညနေပိုင်း အစီအစဉ် - ညောင်ဝိုင်းရွာ (3rd of May, 2017: Afternoon session at Nyaung Wyne village, Pdf. Page 7-31)

    ×

    နောက်ဆက်တွဲ၅ - တက်ရောက်သူများအတွက် ဆွေးနွေးပွအဲပေါ် သုံးသပ်ချက်ပုံစံ (မြန်မာဘာသာ ၊အင်္ဂလိပ်ဘာသာ) (Annex 5: Feedback form - English and Burmese, Pdf. Page 7-33)

    ×

    နောက်ဆက်တွဲ၆ - ဓာတ်အားပေးစက်ရုံသစ်တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး တိုင်ကြားရန် သက်မှတ်ထားသည့်ပုံစံ (Annex 6: Grievance form - English and Burmese Pdf. Page 7-35)

    ×

    နောက်ဆက်တွဲ၇ - မှတ်တမ်း ဓာတ်ပုံများ ၇-၂ ပြည်သူလူထုနှင့် တွေ့ဆုံပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း ၂၀၁၇ ခုနှစ်၊ မေလ (၁) ရက် ၇-၂ ၂၀၁၇ ခုနှစ်၊ မေလ (၂) ရက် နံနက်ပိုင်းအစီအစဉ် - သန်ဘန်ရွာ ၇-၃ ၂၀၁၇ ခုနှစ် မေလ (၂) ရက် နေ့လည်ပိုင်း အစီအစဉ် - အင်းရှည်ရွာ ၇-၃ ၂၀၁၇ ခုနှစ် မေလ (၃) ရက်၊ နံနက်ပိုင်း အစီအစဉ် - ကြာပန်းရွာ ၇-၄ ၂၀၁၇ ခုနှစ်၊ မေလ (၃) ရက် ညနေပိုင်း အစီအစဉ် - ညောင်ဝိုင်းရွာ ၇-၄ နောက်ဆက်တွဲ၈ - မေးခွန်းများနှင့် ပြန်လည်ဖြေကြားချက်များ (ကူးယူချက်မှတ်တမ်း) ၇-၆ ၂၀၁၇ ခုနှစ်၊ မေလ (၂) ရက် နံနက်ပိုင်းအစီအစဉ် -သန်ဘန်ကျေးရွာ ၇-၆ ၂၀၁၇ ခုနှစ် မေလ (၂) ရက် နေ့လည်ပိုင်း အစီအစဉ် - အင်းရှည်ရွာ ၇-၁၀ ၂၀၁၇ ခုနှစ် မေလ (၃) ရက်၊ နံနက်ပိုင်း အစီအစဉ် - ကြာပန်းရွာ ၇-၁၂ ၂၀၁၇ ခုနှစ် မေလ (၃) ရက်၊ နံနက်ပိုင်း အစီအစဉ် - ကြာပန်းရွာ ၇-၁၅

  • ၁ ။ နိဒါန်း

    ၁.၁ တရားဝင်လုပ်ပိုင်ခွင့်များ

    စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သူဖြစ်သော မြန်မာနိုင်ငံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း

    မှ ဂျာမဏီနိုင်ငံ “FICHTNER GmbH and Co KG”

    အားအကြံပေးအဖြစ် ခန့်အပ်လုပ်ဆောင်စေပါသည်။ ၎င်း ဖစ်ခ်ျနာ မှ

    မြန်မာအင်တာနေရှင်နယ် ကွန်ဆောလ်တင့် ကုမ္ပဏီလီမိတက် နှင့် စီမံကိန်း အကြံပေးလုပ်ငန်းအတွက်ထပ်ဆင့်စာချုပ်ချုပ်ဆိုပါသည်။

    သထုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ စီမံခန့်ခွမှဲု

    အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုအဖွဲ့အစည်း (International Development Association (IDA) မှ တစ်လုံးတစ်စည်းထရဲသော ချေးငွေဖြင့်သဘောတူစာချုပ် (Lump Sum Contract) အား နှစ်ဖက်အဖွဲ့များက လက်မှတ်ရေးထိုးသည့် (၂၀၁၆ ခုနှစ်၊ ဇွန် ၂၄ ရက)် နေ့မှစ၍ တရားဝင် စတင်အကောင်ထည်ဖော် ဆောင်ရွက်ပါသည်။ စာချုပ်တွင်ပါဝင်သော လုပ်ဆောင်ရန် စီမံချက်တွင်ပါသည့် လုပ်ငန်းများကို အုပ်စု (၅) ခု ခြွဲခားနိုင်ပါသည်။ (အသေးစိတ်အတွက် “ကနဦးအစီရင်ခံစာ” တွင် ကြည့်ရှုပါရန်) ̏ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲ မှတ်တမ်း˝ သည်လုပ်ငန်းစဉ် (၃.၁) ကိုအသေးစိတ်ဖော်ပြ ရှင်းလင်းတင်ပြထားခြင်း ဖြစ်ပါသည်။

    ၁.၂ လုပ်ငန်းစဉ် ၃.၁ ။ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲ

    အကြံပေးအဖွဲ့သည် “လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ˝၏ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးခြင်းကို (၄) ကြိမ် ကျင်းပပြုလုပ်ရာတွင် ကူညပီါဝင်ဆောင်ရွက်ပါသည်။ အစည်းအဝေးကျင်းပရေးကို သထုံလျှပ်စစ်ဓာတ်အားပေးစက်ရုံဝန်ထမ်းများက အဓိက လုပ်ဆောင်ကြပါသည်။ ဒေသခံပြည်သူလူထုနှင့် ဆွေးနွေးပွဲများကြားနာခြင်းများ လုပ်ဆောင်ရာတွင် ၎င်းတို့၏ စီမံကိန်း အပေါ်တွင် ထင်မြင်ချက်များ အထူးသဖြင့် ၎င်းတို့၏ လူမှုဘ၀နှင့်သက်ဆိုင်သောအချက်များ

    ၁-၁

  • ကိုဖော်ပြနိုင်ခွင့်ရရှိစေရပါမည်။ ဤစီမံကိန်းသည် ကျေးရွာများအတွင်း ဒေသခံပြည်သူလူထု၏ ထင်မြင်ချက်များကို လက်ခံကြားနာခြင်းဖြင့် ၎င်းတို့၏ စီမံကိန်းအပေါ် သိမြင်နားလည်မှုကို တိုးမြှင့် စေပါသည်။ အကြံပေးအဖွဲ့သည်အောက်ဖော်ပြပါ လုပ်ငန်းစဉ်များကိုလုပ်ဆောင်ရန်တာဝန်ရှိသည်။ စီမံကိန်းအတွက် တင်ပြရှင်းလင်းချက်များ ကြိုတင်ပြင်ဆင်ခြင်း သတင်းအချက်အလက်များ ဖြန့်ဝေရန်အတွက် လက်ကမ်းစာစောင်ကြော်ငြာများ ပြင်ဆင်

    ရေးသားခြင်း ̏လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း˝ မှ ၀န်ထမ်းများက ဆွေးနွေးပွဲကို ဆောင်ရွက်ရာ

    တွင် ဆွေးနွေးပွအဲစီအစဉ်များ၊ ဆွေးနွေးမည့်အချက်များ၊ ဖြစ်တန်ချေရှိသော မေးခွန်းများ နှင့် အဖြေများကိုပြင်ဆင်ရေးသားပေးခြင်း။

    ဤစီမံကိန်းသည် နိုင်ငံတော်အစိုးရ၊ ဆက်စပ်အစိုးရဌာနများ၊ လူမှုအဖွဲ့အစည်းများ၏ တွေ့ဆုံ ဆွေးနွေးပွဲများအပေါ်တွင် စိတ၀်င်စားမှု တိုးမြှင့်လာစေရန်နှင့်၊ ပါဝင်တက်ရောက်ကြစေရန် ဖိတ်ကြားမှု အပိုင်းတွင်လည်း အကူအညီအထောက်အပံ့ပေးပါသည်။ ဤအစီရင်ခံစာသည် ၂၀၁၇ ခုနှစ်၊ မေလအတွင်း ကျင်းပပြုလုပ်ခဲ့သော “ဒေသခံပြည်သူ လူထုနှင့် တွေ့ဆုံဆွေးနွေးပွဲ ˝များ၏ရလဒ်များကို တင်ပြထားခြင်းဖြစ်ပါသည်။

    ၁-၂

  • ၂။ စီမံကိန်း နောက်ခံအကြောင်းအရာနှင့် ရည်ရွယ်ချက်

    ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် မြန်မာနိုင်ငံတော်အစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ဓာတ်ငွေ့လောင်စာသုံး စွမ်းအင်ထုတ်လုပ်ရေးကို မြှင့်တင်ရန်အတွက်“မြန်မာနိုင်ငံ လျှပ်စစ်စွမ်း အားစီမံကိန်း (Myanmar Electric Power Project – MEPP” ကို စတင်အကောင်အထည်ဖော် ဆောငရ်ွက်လျက်ရှိပါသည်။ အဓိကရည်ရွယ်ချက်မှာ - နိုင်ငံတော်၏ လျှပ်စစ်စွမ်းအားလိုအပ်မှု ကို ဖြည့်ဆည်းပေးရန်နှင့် ဓာတ်အားဖြန့်ဖြူးရေးစနစ်၊ (အရည်အသွေးနှင့် ယုံကြည်စိတ်ချရမှု) တိုးတက်ကောင်းမွန်စေရန် ဖြစ်ပါသည်။ MEPP ၏ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် မွန်ပြည်နယ်သထုံမြို့တွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစကရ်ုံအသစ်တစ်ခု ဆောက်လုပ်ခြင်းပါဝင်ပါ သည်။ ဤစီမံကိန်း၏တာဝန်ခံအဖြစ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းက တာဝန်ယူဆောင်ရွက်ပါသည်။ အများအားဖြင့် စီမံကိန်းများ စီစဉ်ရေးဆွဲ ဆောင်ရွက်ရာတွင်၊ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံ ဆွေးနွေးပွဲများကို အရေးပါသောလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ယူဆထားပါသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲဆိုသည်မှာ ပြည်သူလူထု၏ ၎င်းတို့အပေါ်တွင်စီမံကိန်းမှ ထိခိုက်နိုင်ချေရှိသော အကြောင်းအရာများကို ပါဝင်ဆွေးနွေးခွင့် ရရှိစေသည့် ပုံမှန်လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ၎င်း၏ရည်ရွယ်ချက်များမှာ ကြီးမားသည့်စီမံကိန်းများ၊ ဥပဒေများ၊ မ၀ူါဒများတွင် အကျိုးသက်ရောက်မှု ပွင့်လင်းမြင်သာမှုနှင့် ပြည်သူလူထုပူးပေါင်း ပါဝင်မှုတို့ကို တိုးတက်ကောင်းမွန်စေရန်ဖြစ်ပါသည်။ ဤစီမံကိန်းတွင် စီမံကိန်းအတွက် ကူညီ ထောက်ပံ့သူများ၊ စီမံကိန်းအကောင်အထည်ဖော် ဆောငရ်ွက်သူများအဖွဲ့နှင့် ဒေသခံပါဝင် ပတ်သက်သောမိတ်ဖက်အဖွဲ့များတို့၏ တက်ကြွစွာပါဝင်ဆွေးနွေးမှုများကို အခြေခံထားပါ သည်။ အားလုံးပူးပေါင်းပါဝင်မှုရှိသော လုပ်ငန်းစဉ်တစ်ရပ်အဖြစ် စီမံကိန်း၏ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲများသည် အောက်တွင်ဖော်ပြထားသော တိကျသောရည်ရွယ်ချက်များကို ရရှိစေရန် ဆောငရ်ွက်ခြင်းဖြစ်ပါသည်။ စီမံကိန်းအကြောင်းအရာ သတင်းအချက်အလက်များကို သက်ဆိုင်ရာ ပါဝင်ပတ်သက်နေ

    သောမိတ်ဖက်အဖွဲ့များ ဒေသခံပြည်သူများအားလုံးကို အသိပေးထားရမည်။ ထိုသူများသည် စီမံကိန်း၏ စီမံချက်ရေးဆွဲခြင်း၊ စီမံကိန်း၏ သဘာဝပတ၀်န်းကျငအ်ပေါ်

    တွင် ဖြစ်တန်ချေရှိသောထိခိုက်မှုများ၊ အန္တရာယ်များကို အကြဲဖတ်လေ့လာခြင်းတို့တွင် တက်ကြွစွာ ပူးပေါင်းပါဝင်လုပ်ဆောင်ခြင်း။

    ၂-၁

  • အနာဂတ်လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ရေးနှင့် ကူညီပံ့ပိုးဆောင်ရွက်ရေးတို့တွင် သေချာမှုရှိစေရန်အတွက် ပွင့်လင်းမြင်သာသော ပုံမှန်ဆက်သွယ်ရေးစံနစ် တစ်ခုချမှတ်အကောင်အထည် ဖော်ဆောင်ရွက်ရန်။

    မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားစီမံကိန်း (MEPP) နှင့် ဤစီမံကိန်း၏ အကောင်အထည်ဖော်မှု အဆင့်ဆင့်တွင် ပြည်သူများ၏ ပါဝင်မှုအခန်းကဏ္ဍကို နားလည်သဘောပေါက် အသိအမှတ်ပြုစေရန်တို့ ဖြစ်ပါသည်။

    ၂-၂

  • ၃။ ပါဝင်ပတ်သက်နေသောကျေးရွာများ

    ဆွေးနွေးပွဲများကိုဓာတ်အားပေးစက်ရုံ၏ အနီးပတ၀်န်းကျင်ရှိ ကျေးရွာများဖြစ်သည့် ကြာပန်းရွာ၊ သန်ဘန်ရွာ၊ ညောင်ဝိုင်း/လေးတိုင်၁ ရွှာနှင့် အင်းရှည်ရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ (ပုံ ၃-၁) ။ ဖွဲ့စည်းအုပ်ချုပ်ပုံအရ ဖော်ပြပါရွာလေးရွာသည် ဒူးရင်းဆိပ်ကျေးရွာအုပ်စုတွင် ပါဝင်ပြီး ဓာတ်အားပေးစကရုံ်မှ (၁-၂) ကီလိုမီတာ အကွာအဝေးအတွင်းတွင် တည်ရှိကြပါသည်။

    ပုံ ၃-၁ ။ ပါဝင်သောကျေးရွာများ၏မြေပုံ

    ဤကျေးရွာများသည် ဓါတ်အားပေးစက်ရုံတည်ဆောက်ခြင်းနှင့် အနာဂတ်စက်ရုံလုပ်ငန်း လည်ပတ်ခြင်းတို့မှ ဖြစ်ပေါ်လာသော အနှုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုများကို ထိတွေ့ခံစားနိုင်ဖွယ်ရာအတွက် အဖြစ်နိုင်ဆုံးကျေးရွာမျာဖြစ်ကြသည်။ ဤကျေးရွာများတွင် အနာဂတ်ဓာတ်အားပေးစက်ရုံအသစ်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကို ကိုယ်ထူကိုယ်ထရန်ပုံ ငွေတစ်ရပ် ထူထောင်ထားခြင်းဖြင့်၊ လျှပ်စစ်ဓာတ်အားရရှိနိုင်ပါမည်။ (အသေးစိတ်အချက် အလက်များအတွက် လူမှုစီးပွားစစ်တမ်း အစီရင်ခံစာကို ကြည့်ရှုပါရန်။)

    ၁ ထောင်မှူးကျေးရွာအုပ်စုတွင် ညောင်ဝိုင်းရွာနှင့် လေးတိုင်ရွာပါဝင်သည်။ ရွာသားများက ညောင်းဝိုင်းရွာ ဟုခေါ်ဆို ကြသော်လည်း အစိုးရ၏ တရားဝင်မြို့နယ်ဖွဲ့စည်းပုံတွင် ဤအမည်ကို မတွေ့ရှိရပါ။ (www.mimu.mm.org) ထို့ကြောင့် မြန်မာနိုင်ငံ သတင်းအချက်အလက်စီမံခန့်ခွမှဲုယူနစ် (MIMU) မှ ထုတ်ပြန်ထားသော ဤရွာ၏တရားဝင်အမည်မှာ လေးတိုင်ရွာ ဖြစ်ပါသည်။

    ၃-၁

    http://www.mimu.mm.org/

  • ကြာပန်းရွာ - ဤရွာသည် ဖော်ပြပါရွာလေးရွာတွင် အကြီးဆုံးရွာတစ်ရွာဖြစ်ပြီး အိမ်ထောင်စု (၄၀၅) စုနှင့် လူဦးရေ (၂၁၄၄) ဦးရှိပါသည်။ ကရင်အိမ်ထောင်စုများ ထက်ဝက်ခန့်ပါရှိပြီး ပအို့ဝ်၊ ဗမာ၊ မွန်တိုင်းရင်းသား အိမ်ထောင်စုများပါရှိပါသည်။ အဓိက၀င်ငွေလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ရာဘာခြံစိုက်ပျိုးခြင်းဖြစ်သည်။ ဤရွာတွင် အစိုးရအထက် တန်းကျောင်းရှိပြီး ဒူးရင်းဆိပ်ကျေးရွာအုပ်စုနှင့် အနီးပတ၀်န်းကျင် ကျေးရွာအုပ်စုများမှ ကလေးများပညာ သင်ကြားလျက်ရှိပါသည်။ ကျေးရွာကျန်းမာရေးစင်တာ (၁) ခုရှိပြီး သူနာပြု (၂) ဦးနှင့် လက်ထောက်ကျန်းမာရေး ၀န်ထမ်းတစ်ဦး တာဝန်ထမ်းဆောင်နေပါ သည်။ ၎င်းနေရာသို့ ရန်ကုန် - ဖားအံ - ကားလမ်းမကြီးမှ တစ်ဆင့်သွားရောက်နိုင်ပါသည်။

    သန်ဘန်ရွာ - သထုံဓာတ်အားပေးစကရုံ်နှင့် အနီးဆုံးတွငတ်ည်ရှိသည်။ စုစုပေါင်း အိမ်ထောင်စု (၁၅၁) စု နှင့် လူဦးရေ (၈၅၂) ဦးရှိပါသည်။ လူဦးရေ၏အများစုမှာ ကရင်လူ မျိုးများဖြစ်ပါသည်။ ကွမ်းခြံစိုက်ခင်း၊ ရာဘာခြံစိုက်ခင်းများနှင့် စိုက်ပျိုးရေး မွေးမြူ ရေး လုပ်ငန်းများမှာ အဓိက ၀င်ငွေရလုပ်ငန်းများ ဖြစ်ပါသည်။ အစိုးရမူလတန်း ကျောင်း တစ်ကျောင်းရှိပြီးကြာပန်း-၀ိုင်းမော်ခရိုင်ချင်းဆက်ကားလမ်းမှတဆင့် ရောက်ရှိ နိုင်ပါသည်။

    ညောင်ဝိုင်းရွာ - ရန်ကုန် - ဖားအံ့ မော်တော်ကား လမ်းမကြီးပေါ်တွင် သထုံဓာတ်အားပေး စကရ်ုံ၏ တောင်ဘက်တွင်တည်ရှိသည်။ ဓာတ်အားပေးရုံနှင့်စာလျှင် သထုံတာယာစက်ရုံ နှင့် ပို၍နီးကပ်ပါသည်။ အိမ်ထောင်စု (၁၀၉) စုနှင့် လူဦးရေ (၅၀၈) ဦးရှိသည်။ ဗမာလူမျိုး များ ထက်ဝက်ခန့်နေထိုင်လျက် အဓိက၀င်ငွေမှာ ရာဘာခြံများနှင့် စိုက်ပျိုးမွေးမြူရေး လုပ်သားများဖြစ်ပါသည်။

    အင်းရှည်ရွာ- ဖော်ပြပါရွာလေးရွာအနက် ဓာတ်အားပေးစက်ရုံမှ အဝေးဆုံးနေရာတွင်ဖြစ်ပြီး ကြာပန်း-၀ိုင်းမော် ခရိုင်ချင်းဆက် မော်တော်ကားလမ်းမှ တဆင့်သွားရောက်နိုင်ပါသည်။ စုစုပေါင်း (၁၇၆) အိမ်ထောင်စုနှင့် လူဦးရေ (၈၉၆) ဦးနေထိုင်ပါသည်။ ကရင်လူမျိုးများ အဓိကပါဝင်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်းနှင့် ဥယျာဉ်ခြံလုပ်ငန်းများမှ ၀င်ငွေ ရရှိသည်။ အစိုးရမူလတန်းကျောင်းတစ်ကျောင်းရှိပါသည်။

    ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ရန် အိမ်ထောင်စုအားလုံးကို ဖိတ်ကြား ခဲ့ပါသည်။ သထုံဓာတ်အားပေး စကရ်ုံစီမံအုပ်ချုပ်မှုအဖွဲ့သည် ဒူးရင်းဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမီးလင်းရေးကော်မတီဝင်များနှင့် ဆက်သွယ်ပြီး ဆွေးနွေးပွဲအတွက် လုပ်ငန်းစဉ်များရေးဆွဲရန်နှင့် ရွာသူရွာသားများကိုဆွေးနွေးပွဲသို့တက်ရောက်ကြစေရန် စည်းရုံး

    ၃-၂

  • လှုံ့ဆော်ပေးရန် အကူအညီတောင်းခံ၍ ဆောင်ရွက်ပါသည်။ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ရွာလူကြီးများ ကျေးရွာခေါင်းဆောင်များကို အစည်းအဝေးသို့တက်ရောက်ကြရန် ထပ်မံ ဖိတ်ကြားပြီး ၄င်းသတင်းကို ကျေးရွာသတင်းပို့ဆောင်ဖြန့်ဝေသူများမှတဆင့် ကြေညာရန်နှင့် ကြော်ငြာသင်ပုန်းများတွင်လည်း ဖော်ပြရန်ညွှန်ကြားပါသည်။ ကျေးရွာလျှပ်စစ်မီးလင်းရေး ကော်မတ၀ီင်များကလည်း အိမ်ထောင်စုများသို့သွားရောက်ပြီး အစည်းအဝေးတက်ရောက်ြက ရန်ဖိတ်ကြားခဲ့ပါသည်။ အမျိုးသမီးများ၏ တန်းတူအခွင့်အရေးရရှိစေရန် အမျိုးသမီးများအနေ ဖြင့် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ကြပါရန် ဦးစားပေးတိုက်တွန်း ဆောင်ရွက်ခဲ့ကြပါသည်။ (ဆွေးနွေးပွဲဖိတ်ကြားစာကို နောက်ဆက်တွဲ ၃ တွင် ကြည့်ရှုရန်) အမျိုးသမီးများဆွေးနွေးပွဲသို့ တက်ရောက်၍ တက်ကြွစွာပါဝင်ကြရေးအတွက် ဖစ်ခ်ျနာအကြံပေးအဖွဲ့သည် ကျေးရွာ၏ရပ်မိ ရပ်ဖများနှင့် တိုင်ပင်ဆွေးနွေးအကြံအဥာဏ်များ ရယူခဲ့ပါသည်။ ဤအစီရင်ခံစာ၏ အခန်း ၄.၂ တွင် ဖော်ပြထားသည့်အတိုင်း ကျင်းပပြုလုပ်ခဲ့ပြီးသောဒေသခံ လူထုနှင့်ဆွေးနွေးပွဲများသို့ တက်ရောက်ကြသူများတွင် အမျိုးသမီးအများစုပါဝင်ခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးမည့် အကြောင်းအရာများသည် တိုင်းရင်းသားလူမျိုး များနှင့်နှိုင်းစာလျှင် စီမံကိန်းကြောင့် ထိခိုက်နိုင်ချေရှိသည့်သူများ မိသားစုများနှင့်သာ ပိုမိုသက် ဆိုငပ်ါသည်။ သို့သော် တိုင်းရင်းသားလူမျိုးစုများ၏ ပါဝင်တက်ရောက်မှုကို အားပေးဖိတ်ကြား ခဲ့ပါသည်။ (ဖိတ်ကြားစာကို နောက်ဆက်တွဲ ၃ တွင် ကြည့်ရှုရန်) ၄င်းအပြင် ဖစ်ခ်ျနာအဖွဲ့သည် လူမှုစီးပွားစစ်တမ်း ကွင်းဆင်းကောက်ယူစဉ်အချိန်က ရွာများ၏ လူမျိုးစုခေါင်းဆောင်များ ကျေးရွာမှတက်ကြွလှုပ်ရှားသူများနှင့် ခင်မင်အသိအကျွမ်းများဖြစ်လာကြသောကြောင့် လူထု နှင့်ဆက်ဆံရေးတွင် အရင်းအမြစ်ကောင်းတစ်ခုအဖြစ် ရယူခဲ့ပါသည်။ ထို့အတွက်ကြောင့် ဖစ်ခ်ျနာအနေဖြင့် စီမံကိန်းအကြောင်းအရာများကို ပြည့်စုံစွာရှင်းလင်းပြောဆိုရာတွင်လည်း ကောင်း၊ ဆွေးနွေးပွဲကျင်းပချိန်နှင့် ဆွေးနွေးပွဲပြီးဆုံးသည် နောက်ပိုင်းအချိန်များတွင် ရွာသား တစ်ဦးချင်းထံမှမေးခွန်းများအတွက် ဖြေကြားရာတွင်လည်းကောင်း အောင်မြင်မှုရရှိခဲ့ပါသည်။

    ၃-၃

  • ၄။ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲများ

    ဤအခန်းတွင် ဒေသခံပြည်သူလုထုနှင့် တွေ့ဆုံဆွေးနွေးပွဲများအကြောင်းကို ဖော်ပြထားပါ သည်။ ၄.၁ အစီအစဉ်နှင့် နေရာ

    ၂၀၁၇ ခုနှစ်၊ မေလ (၂) ရက်နေ့နှင့် (၃) ရက်နေ့များတွင် ဒေသခံပြည်သူလူထုတွေ့ဆုံ ဆွေးနွေးပွမျဲား လေးကြိမ်ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုပွံမျဲားကို ကျေးရွာများရှိ ဓမ္မာရုံ၂ နှင့် ဘုန်းတြော်ကီးကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြပါသည် (ဇယား ၄.၁) ။

    ဇယား ၄.၁။ တွေ့ဆုံနွေးပွဲ အစီအစဉ်နှင့် နေရာ

    ရက်စွဲ ကျေးရွာနှင့် နေရာ အချိန် အစီအစဉ်

    ၂၀၁၇ ခုနှစ် မေလ (၂) ရက်

    နံနက်

    သန်ဘန်ရွာ ဘုန်းတော်ကြီး ကျောင်း

    နံနက် ၇း၀၀ မှ ၇း၃၀ နာရီ

    တက်ရောက်ကြောင်း စာရင်းရေး သွင်းခြင်း

    နံနက် ၇း၃၀ မှ ၈း၀၀ နာရီ

    သထုံမြို့လက်ထောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်မှ အဖွင့် အမှာစကားပြောကြားခြင်း

    နံနက် ၈း၀၀ မှ ၈း၃၀ နာရီ

    မြန်မာလျှပ်စစ်စွမ်းအား စီမံကိန်း (MEPP) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး (EPGE) လုပ်ငန်း စက်ရုံသစ် တည်ဆောက်လုပ်ခြင်း။ အကြောင်းကို သထုံဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ စီမံခန့်ခွဲမှု အဖွဲ့မှ ရှင်းလင်းတင်ပြခြင်း

    နံနက် ၈း၃၀ မှ ၉း၀၀ နာရီ

    သထုံဓါတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံသစ်စီမံကိန်း အကျဉ်းချုပ်ကို ဖစ်ခ်ျနာ၏ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာပညာရှင်ဒေါက်တာ ခင်လေးဆွေမှ ရှင်းလင်းတင်ပြခြင်း

    နံနက် ၉း၀၀ မှ ၉း၃၀ နာရီ

    ခေတ္တရပ်(နားခြင်း)

    နံနက် ၉း၃၀ မှ ၁၀း၃၀ နာရီ

    ဆွေးနွေးခြင်း

    ၂ ပြည်သူလူထုအတွက် ဘာသာရေး လူမှုရေးလုပ်ငန်းများ စုဝေးရာအဆောက်အအုံ

    ၄-၁

  • ရက်စွဲ ကျေးရွာနှင့် နေရာ အချိန် အစီအစဉ်

    ၂၀၁၇ ခုနှစ် မေလ (၂) ရက် နေ့လည်

    အင်းရှည်ရွာ ဓမ္မာရုံ

    နေ့လည် ၁း၀၀ မှ ၁း၃၀ နာရီ

    တက်ရောက်ကြောင်း စာရင်း ရေးသွင်းခြင်း

    နေ့လည် ၁း၃၀ မှ ၂း၀၀ နာရီ

    သထုံမြို့လက်ထောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်မှ အဖွင့်အမှာ စကားပြောကြားခြင်း

    နေ့လည်၂း၀၀ မှ ၂း၃၀ နာရီ

    မြန်မာလျှပ်စစ်စွမ်းအား စီမံကိန်း (MEPP) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး (EPGE) လုပ်ငန်း စက်ရုံသစ် တည်ဆောက်လုပ် ခြင်း။ အကြောင်းကို သထုံ ဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ စီမံခန့်ခွဲမှုအဖွဲ့မှ ရှင်းလင်းတင် ပြခြင်း

    နေ့လည် ၂း၃၀ မှ ၃း၀၀ နာရီ

    သထုံဓါတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံသစ်စီမံကိန်း အကျဉ်းချုပ် ကို ဖစ်ခ်ျနာ၏ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာပညာရှင် ဒေါက်တာ ခင်လေးဆွေမှ ရှင်းလင်းတင်ပြ ခြင်း

    နေ့လည် ၃း၀၀ မှ ၃း၃၀ နာရီ

    ခေတ္တရပ်နားခြင်း

    နေ့လည် ၃း၃၀ မှ ၄း၃၀ နာရီ

    ဆွေးနွေးချိန်

    တက်ရောက်ကြောင်း စာရင်းရေးသွင်းခြင်း

    ၄-၂

  • ရက်စွဲ ကျေးရွာနှင့်နေရာ အချိန် အစီအစဉ်

    ၂၀၁၇ ခုနှစ် မေလ (၃) ရက် နံနက်

    ကြာပန်းရွာ ဓမ္မာရုံ

    နံနက် ၇း၀၀ မှ ၇း၃၀ နာရီ

    တက်ရောက်ကြောင်း စာရင်းရေးသွင်းခြင်း

    နံနက် ၇း၃၀ မှ ၈း၀၀ နာရီ

    သထုံမြို့နယ်လက်ထောက် အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင် မှ အဖွင့်အမှာစကားပြော ကြားခြင်း

    နံနက် ၈း၀၀ မှ ၈း၃၀ နာရီ

    မြန်မာလျှပ်စစ်စွမ်းအား စီမံကိန်း (MEPP) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး (EPGE) လုပ်ငန်း စက်ရုံသစ် တည်ဆောက်လုပ်ခြင်း။ အကြောင်းကို သထုံဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ စီမံခန့်ခွဲမှု အဖွဲ့မှ ရှင်းလင်းတင် ပြခြင်း။

    နံနက် ၈း၃၀ မှ ၉း၀၀ နာရီ

    သထုံဓါတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံသစ် စီမံကိန်း အကျဉ်းချုပ်ကို ဖစ်ခ်ျနာ၏ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာပညာရှင် ဒေါက်တာ ခင်လေးဆွေမှ ရှင်းလင်းတင်ပြခြင်း

    နံနက် ၉း၀၀ မှ ၉း၃၀ နာရီ

    ခေတ္တရပ်နားခြင်း

    နံနက် ၉း၃၀ မှ ၁၀း၃၀ နာရီ

    ဆွေးနွေးခြင်း

    ၄-၃

  • ရက်စွဲ ကျေးရွာနှင့် နေရာ အချိန် အစီအစဉ်

    ၂၀၁၇ ခုနှစ် မေလ (၃) ရက် နေ့လည်

    ညောင်ဝိုင်းရွာ ဓမ္မာရုံ

    နေ့လည် ၁း၀၀ မှ ၁း၃၀ နာရီ

    တက်ရောက်ကြောင်း စာရင်း ရေးသွင်းခြင်း

    နေ့လည် ၁း၃၀ မှ ၂း၀၀ နာရီ

    လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း အင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်မှ အဖွင့်အမှာစကား ပြော ကြားခြင်း

    နေ့လည် ၂း၀၀ မှ ၂း၃၀ နာရီ

    မြန်မာလျှပ်စစ်စွမ်းအား စီမံကိန်း (MEPP) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး (EPGE) လုပ်ငန်း စက်ရုံသစ်တည်ဆောက်လုပ်ခြင်း။ အကြောင်းကို သထုံဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ စီမံခန့်ခွဲမှုအဖွဲ့မှ ရှင်းလင်းတင်ပြခြင်း။

    နေ့လည် ၂း၃၀ မှ ၃း၀၀ နာရီ

    သထုံဓါတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံသစ်စီမံကိန်း အကျဉ်းချုပ်ကို ဖစ်ခ်ျနာ၏ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာပညာရှင် ဒေါက်တာ ခင်လေးဆွေမှ ရှင်းလင်းတင်ပြခြင်း

    နေ့လည် ၃း၀၀ မှ ၃း၃၀ နာရီ

    ခေတ္တရပ်ခြင်း

    နေ့လည် ၃း၃၀ မှ ၄း၃၀ နာရီ

    ဆွေးနွေးခြင်း

    ၄.၂ တက်ရောက်သူများ

    တွေ့ဆုံဆွေးနွေးပွဲသို့ ကဏ္ဍပေါင်းစုံမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြပါ သည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း

    (EPGE) သည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်တွင်ရှိပြီး သထုံလျှပ်စစ်စွမ်း အားစီမံကိန်း၏ တာဝန်ရှိဌာနတစ်ခုဖြစ်သည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ တွေ့ဆုံဆွေးနွေးပွဲများကို စီစဉ်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူလူထ၏ု မေးမြန်းချက်များကိုပြန် လည်ဖြေကြားပေးခဲ့ပါသည်။

    ၄-၎

  • သထုံဓာတ်အားပေးစက်ရုံ။ လက်ရှိသထုံဓာတ်အားပေးစက်ရုံတွင်ရှိသော ဒါရိုက်တာများ၊ မန်နေဂျာများ၊ အင်ဂျင်နီယာများ အဖွဲ့များသည် တွေ့ဆုံဆွေးနွေးပွမျဲားတွင် တက်ရောက်ြက ပြီးပါဝင်ဆွေးနွေးဖြေကြားပေးခဲ့ကြပါသည်။

    ကမ္ဘာဘဏ်အဖွဲ့။ ကမ္ဘာဘဏ်အဖွဲ့မှ မြန်မာနိုင်ငံတော်အစိုးရကို မြန်မာလျှပ်စစ်စွမ်းအား စီမံကိန်းဖြင့် ပံ့ပိုးကူညီခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲများတွင် လေ့လာသုံးသပ်ရေးအဖွဲ့အဖြစ် တက်ရောက်ပါဝင်ခဲ့ကြသည်။

    ဖစ်(ခ်ျ)နာအဖွဲ့။ ဖစ်(ခ်ျ)နာအဖွဲ့သည်စီမံကိန်းအတွက်သဘာဝပတ၀်န်းကျင်၊ ကျန်းမာရေး နှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အကြံပေးဝန်ဆောင်မှုများအတွက် ပံ့ပိုးကူညီပေးပါသည်။ ၄င်းအဖွဲ့သည် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရာတွင် လိုအပ်သောပစ္စည်းများကို ပံ့ပိုးခြင်းနှင့် ဆွေးနွေးပွဲများတွင် လွယ်ကူချောမွေ့စေရန်ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

    တရုတ်နိုင်ငံစွမ်းအင်နှင့် အင်ဂျင်နီယာကော်ပိုရေးရှင်း (CEEC)။ ၎င်းကုမ္ပဏီသည် စီိမံကိန်း အတွက်ဆောက်လုပ်ရေးလုပ်ငန်း ကန်ထရိုက်တာအဖြစ်ပါဝင်ပြီး ပြည်သူလူထု၏ မေးမြန်း ချက်များကိုပါဝင်ဖြေကြားပေးခဲ့ပါသည်။

    ဒေသဆိုင်ရာအာဏာပိုင် တာဝန်ရှိပုဂ္ဂိုလ်များ။ ဒေသဆိုင်ရာ အာဏာပိုင်တာဝန်ရှိပုဂ္ဂိုလ် များသည် နိုင်ငံတော်အစိုးရ၏ ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ စီမံကိန်း၏သက်ရောကမှ်ုခံရသော ပြည်သူများ၏ ကိုယ်စားလှယ်များအဖြစ်လည်းကောင်း ပါဝင်တက် ရောက်ခဲ့ကြသည်။

    မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ သထုံ၊ လယ်ယာမြေ စီမံခန့်ခွမှဲုနှင့် စာရင်းအင်းဦးစီးဌာန သထုံ၊ လျှပ်စစ်ဖြန့်ဖြူးရေးဌာန၊ သထုံ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သထုံ၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ကျေးရွာမီးလင်းရေးကော်မတီများ

    လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တဆင့် မွန်ပြည်နယ် အစိုးရအဖွဲ့ထံသို့ ပြည်သူလူထုတွေ့ဆုံ ဆွေးနွေးပွဲများကိုပြုလုပ်ရန် ခွင့်ပြုချက် တောင်းခံရရှိပါသည်။ သထုံ သဘာဝဓာတ်ငွေသုံး စကရ်ုံစီမံခန့်ခွမှဲုအဖွဲ့မ၊ှ သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြားသက်ဆိုင်ရာဌာနများကို တွေ့ဆုံဆွေးနွေးပွဲများ တွင် ပါဝင်တက်ရောက်ကြပါရန် ဖိတ်ကြားခဲ့ပါသည်။ ဖစ်ခ်ျနာမြန်မာအဖွဲ့မှ ကျေးရွာခေါင်း ဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ကျေးရွာလျှပ်စစမ်ီးလင်းရေး ကော်မတီ အဖွဲ့ဝင်များ နှင့် ကျေးရွာလူမှုရေးအဖွဲ့များကိုဖိတ်ကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက် ကြပါရန် တိုက်တွန်းခဲ့ကြပါသည်။

    ၄-၅

  • ကျေးရွာလေးရွာတွင် ပြုလုပ်ခဲ့သော ပြည်သူလူထုတွေ့ဆုံပွဲများတွင် စုစုပေါင်းလူဦးရေ ၂၀၀ ခန့်တက်ရောက်ခဲ့ကြသည်။ (တက်ရောက်သူများစာရင်းနှင့် မှတ်တမ်းစာရင်းကို နောက်ဆက် တွဲ ၄ တွင်ဖော်ပြထားပါသည်။ ထို့အပြင် ပြည်တွင်းပြည်ပသက်ဆိုင်သူများလည်း ပါဝင်တက် ရောက်ခဲ့ကြသည်(ဇယား ၄.၂)။

    ဇယား ၄.၂။ တက်ရောက်သူများစာရင်း (ကျေးရွာလူထု၏ ပြင်ပ) ရက်စွဲ ကျေးရွာနှင့် နေရာ တက်ရောက်သူများ (ကျေးရွာလူထု၏ ပြင်ပ)

    အခမ်းအနားအားလုံး ကျေးရွာအားလုံး

    - မစ္စတာ- မာတင်ဖိုဒါ (အကြီးတန်းပတ်ဝန်းကျင် ဆိုင်ရာပညာရှင်၊ ကမ္ဘာ့ဘဏ်)

    - မစ္စတာ- အလန်ဒီ.လီ (စွမ်းအင်ဆိုင်ရာပညာ ရှင်၊ ကမ္ဘာ့ဘဏ်)

    - ဒေါ်စုခင်လေးဦး၊ ဒုညွှန်မှူး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း နေပြည်တော်

    - ဒေါ်ဖြူဖြူဝင်း၊ လက်ထောက်၊ အင်ဂျင်နီယာ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ နေပြည်တော်

    - ဦးကောင်းထက်ဟန်၊လက်ထောက် အင်ဂျင်နီယာ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး နေပြည်တော်

    - ဦးစိုးလွင်၊ အင်ဂျင်နီယာမှူးကြီး၊ သထုံလျှပ်စစ် ဓာတ်အားပေးစက်ရုံ

    - မစ္စတာ လူယန်၊ ကျန်းမာရေးလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အရာရှိ၊ တရုတ်နိုင်ငံစွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီ

    - မစ္စတာယန်၊ ကျန်းမာရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လက်ထောက်အရာရှိ၊ တရုတ်နိုင်ငံ စွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီ

    - ဒေါက်တာ ဟန်ဘက်၊ အဖွဲ့ခေါင်းဆောင်၊ ဖစ်(ခ်ျ) နာအဖွဲ့

    - ဒေါက်တာ ဒေါ်ခင်လေးဆွေ၊ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ၊ မြန်မာပညာရှင်၊ ဖစ်ခ်ျနာ

    - ဦးကံစိန်၊ လူမှုရေးဆိုင်ရာ မြန်မာပညာရှင်၊ ဖစ်(ခ်ျ)နာ

  • - ဦးမြင့်စိုး၊ ပံ့ပိုးကူညီဆောင်ရွက်သူ၊ ဖစ်(ခ်ျ)နာ

    ၄-၆

  • တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်ကြသူများ၏ အသက်မွေးဝမ်းကြောင်းများကို ပုံ ၄.၁ နှင့် ၄.၂ တွင် ဖော်ပြထားပါသည်။ ပါဝင်တက်ရောက်ခဲ့ကြသော သူအများစုမှာ လယ်သမားများ (ကွမ်း၊ စပါး၊ ရာဘာနှင့် အခြားသီးနှံများဖြစ်ကြပြီး လုပ်သားများ၊ ဈေးသည်များ၊ အစိုးရ၀န်ထမ်း များ၊ ကျွမ်းကျင်လုပ်သားများ၊၄ မှီခိုသူနှင့် ကျောင်းသားများပါဝင်ခဲ့ကြပါသည်။

    ၃ နေ့လည်ပိုင်းတွင် ထောင်မှူးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးတို့မ တက်ရောက်ခဲ့ကြပါ။ ၄ ကျွမ်းကျင်လုပ်သားများတွင် လက်သမား၊ ပန်းရံ သုံးဘီးဆိုင်ကယ်မောင်းသူ၊ စက်ဘီ၊ ပြင်သူ၊ ကျောင်းဆရာ၊ ဆရာများ စသည်တို့ ပါဝင်ပါသည်။

    ရက်စွဲ ကျေးရွာနှင့် နေရာ တက်ရောက်သူများ (ကျေးရွာလူထု၏ ပြင်ပ)

    ၂၀၁၇ ခုနှစ် မေလ (၃) ရက် နံနက်ပိုင်း

    ကြာဘန်းရွာ ဓမ္မာရုံ

    - ဦးမြင့်လှိုင်၊ လက်ထောက်မြို့နယ်၊ အုပ်ချုပ်ရေး မှူး၊အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ သထုံ

    - ဦးကျော်ဝင်းထွန်း၊ လက်ထောက်မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန

    - ဦးဝင်းမောင်၊ မြို့နယ်ဦးစီးမှူး၊ လျှပ်စစ်ဖြန့်ဖြူးရေးဌာန၊

    - ဦးနေမျိုးသန့်၊ လက်ထောက် မြို့နယ် အရာရှိသထုံမြို့မရဲစခန်း

    - ဦးကျော်ထွန်း၊ အုပ်ချုပ်ရေးမှူး၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု

    ၂၀၁၇ ခုနှစ်၊ မေလ (၃) ရက် နေ့လည်ပိုင်း

    ညောင်ဝိုင်းရွာ ဓမ္မာရုံ

    - ဦးကျော်ဝင်းထွန်း၊ လက်ထောက်မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန

    - ဦးဝင်းမောင်၊ မြို့နယ်ဦးစီးမှူး၊ လျှပ်စစ်ဖြန့်ဖြူးရေးဌာန၊

    ၄-၇

  • ပုံ ၄.၁။ တက်ရောက်သူများ၏ အသက်မွေးဝမ်းလုပ်ငန်း အခြေအနေ

    ပုံ ၄.၂။ ကျေးရွာအလိုက် တက်ရောက်သူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်း အခြေအနေ

    တွေ့ဆုံဆွေးနွေးပွဲလေးခုတွင် ပါဝင်တက်ရောက်သူအများစုမှာ အမျိုးသမီးများဖြစ်ပြီး၊ ၅၈.၅

    ရာခိုင်နှုန်းမှ ၇၅.၆ ရာခိုင်နှုန်းထိ တက်ရောက်ကြပါသည် (ပုံ ၄.၃) ။

    ၄-၈

  • ပုံ. ၄.၃။ တက်ရောက်သူ အမျိုးသားနှင့် အမျိုးသမီး ရာခိုင်နှုန်း

    ၄.၃ အသုံးပြုခဲ့သော နည်းလမ်းများ

    တွေ့ဆုံဆွေးနွေးပွဲများကို မြန်မာဘာသာဖြင့်ပြုလုပ်ခဲ့သည်။ လူမျိုးစုတိုင်းရင်းသား ခေါင်းဆောင် များနှင့် ဆွေးနွေးခဲ့ရာတွင် လူအများစုသည် မြန်မာစကားကို ကောင်းမွန်စွာနားလည်ကြောင်း အတည်ပြုပြောကြားသဖြင့် မြန်မာစကားကို ဘာသာပြန်ပေးရန် မလိုအပ်ခဲ့ပါ။ ဆွေးနွေးပွဲအစီအစဉ်အစပိုင်းတွင် တက်ရောက်သူများအား အစည်းအဝေးတက်ရောက် ကြောင်း စာရင်းရေးသွင်း မှတ်တမ်းတင်စေခဲ့ပါသည်။ (နောက်ဆက်တွဲ ၄ တွင် စာရင်းရေး သွင်းပြီး ပုံစံများကိုပူးတွဲဖော်ပြထားပါသည်။ ဖစ်ခ်ျနာမှ စီမံကိန်းအကျဉ်းချုပ်ပါဝင်သော လက်ကမ်းစာစောင်များနှင့် ရှင်းလင်းတင်ပြရန် ပါဝါ ပွိုင့်များကိုအကြမ်းပြုစုခဲ့ပါသည်။ (အစီရင်ခံစာ၏ နောက်ဆက်တွဲ ၁ နှင့် ၂ တွင် ပူးတွဲဖော်ပြ ထားပါသည်။) တင်ပြမှုစာကြမ်းကိုအချောပြုစု၍ မြန်မာဘာသာသို့ ပြန်ဆိုထားပါသည်။ သထုံ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ၀န်ထမ်းများမှတင်ပြမှုများကို မြန်မာဘာသာသို့ ပြန်ဆိုပေးခဲ့ပါ သည်။ တွေ့ဆုံဆွေးနွေးပွဲများတွင် ဖစ်ခ်ျနာ၏ မြန်မာပညာရှင်များမှ ဆွေးနွေးမှုကဏ္ဍများတွင် အဆင်ပြေချောမွေ့စေရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ပါဝါပွိုင့်အသုံးပြု၍ ရှင်းလင်းတင်ပြမှုများသည် စီမံကိန်းအား မိတ်ဆက်ပေးရန်ဖြစ်ပြီး တက် ရောက်လာသူများအား ဖြစ်နိုင်ချေရှိသောပတ၀်န်းကျင်နှင့် လူမှုဆိုင်ရာသက်ရောက်မှုများ (ကောင်းကျိုးနှင့်ဆိုးကျိုးများ) တင်ပြဆွေးနွေးရန်အသုံးပြုခဲ့ပါသည်။ လက်ကမ်းစာစောင်ရွက်

    ၄-၉

  • ရေ (၂၀၀) ရေကိုလည်း တက်ရောက်သူများအား သတင်းအချက်အလက်များ ပိုမိုနားလည် စေရန်အတွက်ဖြန့်ဝေပေးခဲ့ပါသည်။ စီမံကိန်းမှပြည်သူလူထုအပေါ်တွင် သက်ရောက်နိုင်သော အကြောင်းအရာများနှင့် စိုးရိမ်ပူပန်မှု များ၊ ၎င်းတို့ကို ဖြစ်နိုင်ခြေရှိသော ဖြေရှင်းချက်များကို ဆွေးနွေးခဲ့ကြပါသည်။ ပါဝင်ဆွေးနွေး သူများမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ လက်ရှိသထုံ ဓာတ်အား ပေးစကရ်ုံမှပုဂ္ဂိုလ်များ၊ ဖတ်ခ်ျနာအဖွဲ့အကြံပေးပုဂ္ဂိုလ်များ တရုတ်နိုင်ငံစွမ်းအင်နှင့် လျှပ်စစ် လုပ်ငန်းဆိုင်ရာ ဆောက်လုပ်ရေး ကန်ထရိုက်တာအဖွဲ့နှင် ကျေးရွာလျှပ်စစ်မီးလင်း ရေးအဖွဲ များဖြစ်ကြပါသည်။ တွေ့ဆုံဆွေးနွေးပွဲများတွင် လ္ဘက်ရည်နှင့် မုန့်များဖြင့်တည်ခင်းဧည့်ခံခဲ့ကြသည်။ ဖစ်ခ်ျနာအဖွဲ့မှ ပညာရှင်နှစ်ဦးနှင့် သထုံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံခန့်ခွမှဲုအဖွဲ့ တာဝန်ရှိသူများမှ မေးခွန်းများကိုညှိနှိုင်းဆွေးနွေးဖြေကြားပေးခဲ့ကြသည်။ လူထုတွေ့ဆုံဆွေးနွေးပွမျဲား၊ အထူးသဖြင့်မေးခွန်း များနှင့်ဖြေကြားချက်များကို မှတ်တမ်း တင်နိုင်ရန်အတွက်အခမ်းအနားတစ်ခုလုံးကို အသံနှင့်ဗွီဒီယိရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲအစတွင် အကြံပြုရန်ပုံစံစာရွက် (နောက်ဆက်တွဲ ၅ တွင် ဖော်ပြထားသည်) များကိုတက်ရောက် သူများသို့ဝေငှ၍ ဆွေးနွေးအပြီးတွင် ပြန်လည်စုစည်းခဲ့ပါသည်။ ပြည်သူများမှ မကျေနပ်ချက်များ/ အကြံပြုချက်များ တိုင်ကြားရန်အတွက် (နောက်ဆက်တွဲ ၆) ပုံစံစာရွက်များ ကိုလည်း မြန်မာဘာသာဖြင့်နောင်တွင်အသုံးပြုရန် ဖြန့်ဝေခဲ့ပါသည်။ လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန အမှတ်တံဆိပ်ရိုက်နှိပ်ထားသော တီရှပ်အင်္ကျီများကိုလည်း တက်ရောက်လာသော ကျေးရွာကိုယ်စားလှယ်များကိုတွေ့ဆုံဆွေးနွေးပွအဲမှတ်တရအဖြစ် လက်ဆောင်ပေးခဲ့ပါသည်။

    ၄.၄ တင်ပြမှုတွင် ပါဝင်သောအကြောင်းအရာများ

    တွေ့ဆုံဆွေးနွေးပွဲတိုင်းတွင် တင်ပြမှုနှစ်ခုကို ပြုလုပ်ခဲ့ပါသည်။ ပထမတစ်ခုကို နောက်ဆက်တွဲ (၂) တွင် ပူးတွဲဖော်ပြထားပြီး ၎င်းတွင်အောက်ပါအချက်အလက်များ ပါဝင်ပါသည်။ (၁) စီမံကိန်းမိတ်ဆက် (နောက်ခံအကြောင်းအရာ၊ အဖွဲ့များ၊ စီမံကိန်းအကျဉ်းချုပ်၊

    ဆောက်လုပ်ရေး လုပ်ငန်းဖော်ပြချက)် (၂) ဖြစ်နိုင်ခြေရှိသော ပတ၀်န်းကျင်ဆိုင်ရာ သက်ရောက်မှု/ ထိခိုက်မှုများနှင့် ၎င်းတို့ကို

    လျော့ချခြင်း ဆိုင်ရာများ။ (၃) ရေပိုက်လိုင်းများ (၄) တိုင်ကြားစာ/ အကြံပြုစာများ အပေါ်ဖြေရှင်းရန် စီမံချက်။ (၅) လက်ရှိဓာတ်အားပေးစက်ရုံ၏ ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ

    ၄-၁၀

  • (၆) အမေးအဖြေကဏ္ဍ ၎င်းတင်ပြမှုများသည် ပြည်သူလူထုအားလက်ရှိဆောက်လုပ်နေမှု အခြေအနေဖြစ်နိုင်ခြေရှိ သောပတ၀်န်းကျင်နှင့် လူမှုဆိုင်ရာကောင်းကျိုးဆိုးကျိုးများနှင့် စီမံခန့်ခွမှဲုများ။ တည် ဆောက်ရေးလုပ်ငန်းများကို စီမံခန့်ခွမှဲု၊ တိုင်ကြားမှုများကို အရေးယူဆောင်ရွက်မှုတို့ကို ပြည်သူလူထုအား သိရှိစေရန်ဖြစ်ပါသည်။ ၎င်းအပြင်လက်ရှိဓာတ်အားပေးစက်ရုံအား အနာ ဂတ်ကာလတွင် ဘေးအန္တရာယ်ကင်းရှင်း စွာလည်ပတ်နိုင်ရေးအတွက် အကြံဥာဏ်များကို လည်း တင်ပြထားပါသည်။ ဒုတိယတင်ပြမှုကို ဖစ်ခ်ျနာ၏ ပတ၀်န်းကျင်ဆိုင်ရာ မြန်မာပညာရှင် ဒေါက်တာခင်လေးဆွေမှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းတင်ပြမှုတွင် “ဆောက်လုပ်ရေးစီမံကိန်းများ လုပ်ဆောင်ရာတွင် ပတ၀်န်းကျင်နှင့် လူမှုဆိုင်ရာအချက်အလက်များသည် မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများ၊ ကမ္ဘာ့ ဘဏ် (အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုးရေးရှင်း) ၏ ပတ၀်န်းကျင်နှင့် လူမှုဆိုင်ရာ လမ်းညွှန်ချက်များနှင့်ကိုက်ညီစေရန် အရေးကြီးကြောင်း” ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဤ တင်ပြမှုတွင် သထုံလျှပ်စစ်ဓါတ်အားပေးစက်ရုံ အသစ်ဆောက်လုပ်ရာတွင် နိုင်ငံတကာနှင့် မြန်မာနိုင်ငံ၅ ၏ ပတ၀်န်းကျင်စီမံခန့်ခြွဲခင်းဆိုင်ရာ လိုက်နာကျင့်သုံးရမည့်ဥပဒေများနှင့် လိုအပ်ချက်များကို စက်ရုံတည်ဆောက်စဉ်ကာလ၊ လည်ပတ်စဉ်ကာလများတွင် လိုကိနာဆောင်ရွက် ရန်လိုအပ်ကြောင်းကို အဓိကထား၍ တင်ပြဆွေးနွေးခဲ့ပါသည်။ ဒေသခံပြည်သူများ ပါဝင်တက် ရောက်မှုနှင့် ၎င်းတို့မှ ထုတ်ဖော်ပြောကြားသော သတင်းအချက်အလက်များ၏ အရေးပါပုံကို မီးမောင်းထိုးပြ၍ စီမံကိန်းအကောင်အထည်ဖော်မှုနှင့်ပါတ်သက်၍ အကြံပြုဆွေးနွေးမှုများ ပြုလုပ်ကြပါရန်ဒေသခံပြည်သူလူထုအား ဖိတ်ခေါ်ခဲ့ပါသည်။

    ၄.၅ မေးခွန်းများနှင့် ဖြေကြားချက်များ

    ကျေးရွာလေးရွာတွင်ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးပွဲများတွင် ကျေးရွာလူထု၏ မျှော်လင့် ချက်များ၊ စိုးရိမ်ပူပန်မှုများနှင့် အကြံပြုချက်များကို အမေးအဖြေကဏ္ဍတွင် အကျဉ်းချုပ်၍ နောက်လာမည့် ခေါင်းစဉ်တွင်အောက် ရေးသားထားပါသည်။ အမေးအဖြေကဏ္ဍတွင် ပါရှိသော အကြောင်းအရာများကို (ကူးယူချက်မှတ်တမ်းများ) နောက်ဆက်တွဲ ၈ တွင် ဖော်ပြထားပါ သည်။ ၅ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၂)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေများ (၂၀၁၄) ၊ သဘာဝပတ်ဝန်းကျင်

    ထိခိုက်မှုဆိုင်ရာ စမ်းစစ်ချက်လုပ်ထုံးလုပ်နည်းများ (၂၀၁၅) နှင့် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ (၂၀၁၅) တို့ကိုပြဌာန်းခဲ့ပါသည်။

    ၄-၁၁

  • ၄.၅.၁ ကျေးရွာလူထု၏ မျှော်လင့်ချက်များ

    စီမံကိန်းနယ်မြေ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပြည်သူလူထုမှ လျှပ်စစ်မီးပေးဝေရေးနှင့် ၎င်းနှင့် ဆက်စပ်သည့် စီးပွားရေးအကျိုးအမြတ်များစသည့် မျှော်လင့်ချက်များကိုတွေ့ဆုံဆွေးနွေးပွဲ များတွင် တင်ပြခဲ့ကြသည်။ ဤစီမံကိန်းသည် အနီးတ၀ိုက်ရှိ ကျေးရွာများအတွက် တိုက်ရိုက် လျှပ်စစ်ဓာတ်သွယ်တန်းရန် အခွင့်အလမ်းများကို အာမခံချက်ပေးနိုင်မည်မဟုတ်ဘ၊ဲ နိုင်ငံ တောဓ်ာတ်အားလိုင်းအတွက် အစီအစဉ်ဖြစ်ပါသည်။ ၎င်းအကြောင်းကို တွေ့ဆုံပွဲများတွင် သေချာစွာရှင်းလင်းတင်ပြခဲ့ပါသည်။ ကျေးရွာပြည်သူလူထု၏ မျှော်လင့်ချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။

    (က) လျှပ်စစ်ဓာတ်အား ဆက်သွယ်မှုများတိုးချဲ့ရန်နှင့် လျှပ်စစ်ဓာက်အားဖြန့်ဖြူးမှု အရည်အသွေးတိုးမြှင့်ရန်။ ကျေးရွာရှိအိမ်ထောင်စုများ (အထူးသဖြင့် ကိုယ်ထူကိုယ်ထစနစ်နှင့် မီးသွယ်တန်းရန် မတက်နိုင်သူများ) က ကျေးရွာလျှပ်စစ်မီးရရှိရေး ပိုမိုတိုးတက်ကောင်းမွန် စေရန် တောင်းဆိုလိုကြောင်းကို ဆွေးနွေးပွဲမတိုင်မှီက သိရှိခဲ့ရပါသည်။ ဆွေးနွေးပွဲတွင် ကျေးရွာပြည်သူလူထုအား ယခုဆောက်လုပ်မည့်ဓာတ်အားပေး စကရ်ုံအသစ်မှာ မြို့နယ် သို့မဟုတ် ဒေသတစ်ခုအတွက် စီမံချက်မဟုတ်ဘဲ နိုင်ငံတော် လျှပ်စစမ်ဟာဓာတ်အားလိုင်း ဖြည့်စွက်ရန်စီမံချက်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ သို့ရာတွင် ဒေသခံကျေးလက် ပြည်သူများသည် ရှင်းပြသည်များကို လက်မခံလိုကြဘ၊ဲ စိတ်ပျက်ခြင်း စိတ်ထိခိုက်ခြင်းများကိုဖော်ပြခဲ့ကြပါသည်။ ဤကိစ္စရပ်သည် စကရ်ုံအသစ် စတင်လည်ပတ်ချိန်တွင် ထပမ်ံဖြစ်ပေါ် လာနိုင်ချေရှိပါသည်။ လျှပ်စစ်ဓာတ်အ်ားထုတ်လုပ်ရေးလုပ်ငန်းနှင့် ဒေသဆိုင်ရာနှင့် ပြည်နယ်ဖွဲ့ အစိုးရအဖွဲ့တို့သည် ကျေးရွာပြည်သူလူထုမှ တင်ပြလာသောဆန္ဒများ၊ မကျေနပ်မှုများ၊ အကြံ ပြုချက်များကို လက်ခံ၍ ပြန်လည်ဖြေရှင်းပေးမည့် စီမံချက်တစ်ရပ် (GRM) ကို စဉ်ဆက် မပြတ်လုပ်ဆောင်ရန်လိုအပ်သည်။

    (ခ) ကိုယ်ထူကိုယ်ထ ကျေးရွာလျှပ်စစ်မီးရရှိရေးစနစ်များ၆ တိုးတက်ကောင်းမွန်လာစေရန်။ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ထားသော အိမ်ထောင်စုများမှ လျှပ်စစ် ဓာက်အားပေးစံနစ်အပေါ် မကျေနပ်မှုများကိုတင်ပြခဲ့ကြပါသည်။ အဓိကတင်ပြသော ပြဿနာ များမှာ ထရန်ဖော်မာများ မလုံလောက်မှု၊ ချထားပေးရာတွင် မညီမျှမှုနှင့် ဓာတ်အားလိုင်းကြိုး မှာ အရည်အသွေးညံ့ဖျင်းမှု (အထူးသဖြင့် မီးလိုင်း၏အစွန်များရှိ အိမ်ထောင်စုများသို့ ဓာက်အားရောက်ရှိမှု အခက်အခဲရှိခြင်း) တို့ဖြစ်ကြပါသည်။ ယင်းကိစ္စနှင့်ပါတ်သက်၍ “ကျေးရွာ မီးလင်းရေးကော်မတီ” သို့ တင်ပြရန် အကြံပြုဆွေးနွေးခဲ့ကြသည်။ ၆အသေးစိတ်အတွက် “လူမှုစီးပွားစစ်တမ်း” အစီရင်ခံစာတွင် ကြည့်ရန်။

    ၄-၁၂

  • (ဂ) စီးပွားရေး အကျိုးအမြတ်။ အင်းရှည်ရွာနှင့် ကြာဘန်းရွာရှိ ကျေးရွာလူထုမှ လျှပ်စစ်ဓာတ် အား စကရ်ုံသစ်မှ စီးပွားရေးအကျိုးအမြတ် ရရှိရန်မျှော်လင့်ကြောင်း ဖော်ပြခဲ့ကြပါသည်။ ဖြစ်နိုင်ခြေရှိသော အကျိုးအမြတ်များမှာ လျှပ်စစ်ဓာက်အားများ တိုးမြင့်အသုံးပြုနိုင်ခြင်း၊ ရေခဲ သေတ္တာများဖြင့် အအေးရောင်းချခြင်း၊ မိတ္တူကူးလုပ်ငန်း၊ ကွန်ပျူတာစာစီစာရိုက်လုပ်ငန်းများ၊ မီဒီယာထုတ်လုပ်ရေး၊ အသေးစားဆန်စက်များ စသည့်တို့ပါဝင်သည်။ အထက်ဖော်ပြပါ အသေး စားလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ရင်းနှီးမြုပ်နှံရန်ငွေကြေးနှင့် နည်းပညာတတ်ကျွမ်းမှုများ လိုအပ်ပြီး၊ လူမှုရေးဆိုင်ရာ စစ်တမ်းကောက်ယူမှုများအရ ကျေးရွာရှိအိမ်ထောင်စု အများစုမှာ ထိုရင်းနှီးမြုပ်နှံမှုများကို အားစိုက်ထုတ်နိုင်ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့် ဖစ်ခ်ျနာအဖွဲ့အမြင်အရ အခြားအဖွဲ့အစည်းများအနေဖြင့် ကျေးရွာပြည်သူလူထု၏ လိုအပခ်ျက် များကို ဖြည့်ဆည်းပေးရန်အတွက် ကျေးရွာအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပပ်ါသည်။

    ၄.၅.၂ ကျေးရွာလူထု၏ စိုးရိမ်မှု

    လူမှုရေးနှောင့်ယှက်မှုများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုတို့အတွက် ကျေးရွာလူထုက စိုးရိမ်ပူပန်ကြသည့်အကြောင်းကို ဖော်ပြခဲ့ကြပါသည်။

    (ဃ) လူမှုရေးနှောက်ယှက်မှု။ ကြာဘန်းကျေးရွာ လူထုစိုးရိမ်ပူပန်မှုများကို ဖော်ပြမှုတွင် ဆောက်လုပ်ရေးလုပ်ငန်းအတွက် ပြင်ပမှလူများကို