10
1| Page မန်မာဒီမိုကရေစီ Fellowship လှာက်လွှာ မန်မာဒီမိုကရေစီ Fellowship (MDF) ဆိုတာ ဘာလ မန်မာဒီမိုကရေစီ (Fellowship) အစီအစဉ်သည် ဖွ့စည်းပုံအခြေခံဥပဒေရွးကောက်ပွဆိုင်ရာဥပဒေ၊ လူ့အခွင့်အရေးနှင်ဒီမိုကရေစီပြပြင်ပြောင်းလရေးမားင့်ပတ်သက်၍ အသိအမြင်ဗဟုသုတမား တိုးပွားစေရန် ပံ့ပိုးကူညီပေးမည့်သင်တန်းဖြစ်ကာ သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် ခီးမြှင့်မည့်အစီအစဉ်တခုဖြစ် ပါသည်။ ထိုအစီအစဉ်သည် မန်မာတစ်နိုင်ငံတစ် န်းလုံးရှအရပ်ဘက် လူမှုအဖွ့အစည်းမားမှ ကိုယ်စားလှယ် မားအတွက် ရည်ရွယ်ပါသည်။ ၂၀၁၆ ခုနှစ် စင်တင်ဘာလတွင်စတင်ပြီး သင်ရိုးခွလေးခန်းဖြင်ကင်းပစီစဉ်မှာဖြစ်ပါသည်။ - အခန်း() အပြည်ပြည်ဆိုင်ရာလူအခွင့်ရေးဥပဒေ င့်ဖွ့စည်းပုအခြေခံဥပဒေပြပြင်ရေး လုပ်ငန်းစဉ်မားမိတ်ဆက်ခြင်း (၂၃-၂၇ စက်တင်ဘာ ၂၀၁၆) - အခန်း() ဒီမိုကရေစီနိုင်ငံမားနှင်အာဏာခွခေင်း (ဒီဇင် ဘာ - ၂၀၁၆ ) - အခန်း() င်ငံတော်ဖွ့စည်းပုဗဟိုခပ်ကိုင်မှလော့ခခြင်းဖက်ဒရယ် ၀ါဒ၏ အစိတ်အပိုင်း မားင်ဒသန္တရအုပ်ခပ်မှ (ဖဖော် ရီလ ၁၇-၂၁ ရက် ၂၀၁၇) - အခန်း () တာန်ခံမှု၊ စစ်မှန်သောရွေးကောက်ပွမားနှင်င် ငံရေးတွင် ပါင်ပတ်သက်ခြင်း (မတ်လ ၃၁- ဧပြီ ရက် ၂၀၁၇) မန်မာဒီမိုကရေစီ (Fellowship) တွင် ဖွ့စည်းပုံအခြေခံဥပဒေရွးကောက်ပွဥပဒေ၊ ဒီမိုကရေစီရေးရာ မားနှင့်ပတ်သက်၍ မတူညီသောရှ့ဒေါင့်အမြင်မားပါင်မည်ဖြစ်ပါသည်။ သင်ခန်းစာမားသည် တက်ရောက်သူမားအား အာက်ဖော်ပြပါဧရိယာမားကိလ့လာဆည်းပူးခွင့်ရရှိမည်ဖြစ်ပါသည်။ င်ငံသားင်ငံရေးအခွင့်အရေးမားနှင်ရွးကောက်ပွမား အာဏာခွခေင်းင့်ထိန်းညှိခြင်း ဗဟိုခပ်ကိုင်မှလော့ခခြင်း င်ဒသန္တရအု ပ်ခပ်မှ လက်နက်ကိုင်တပ်ဖွ့မား၏ ဒီမိုကရေစီဆန်သောအုပ်ခပ်မှ

DRI MM STEP Application Process MM Version FINALdemocracy-reporting.org/wp-content/uploads/2016/07/D… ·  · 2017-01-24အဖွဲ့ဝင်များနှင့်လည်း

Embed Size (px)

Citation preview

Page 1: DRI MM STEP Application Process MM Version FINALdemocracy-reporting.org/wp-content/uploads/2016/07/D… ·  · 2017-01-24အဖွဲ့ဝင်များနှင့်လည်း

1|P a g e

မြန်မာဒီမိုကရေစီ Fellowship လျှောက်လွှာ

မြန်မာဒီမိုကရေစီ Fellowship (MDF) ဆိုတာ ဘာလဲ မြန်မာဒီမိုကရေစီ (Fellowship) အစီအစဉ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများနှင့်ပတ်သက်၍ အသိအမြင်ဗဟုသုတများ တိုးပွားစေရန် ပံ့ပိုးကူညီပေးမည့်သင်တန်းဖြစ်ကာ သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် ချီးမြှင့်မည့်အစီအစဉ်တခုဖြစ်ပါသည်။ ထိုအစီအစဉ်သည် မြန်မာတစ်နိုင်ငံတစ်ဝန်းလုံးရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအတွက် ရည်ရွယ်ပါသည်။ ၂၀၁၆ ခုနှစ် စင်တင်ဘာလတွင်စတင်ပြီး သင်ရိုးခွဲလေးခန်းဖြင့် ကျင်းပစီစဉ်မှာဖြစ်ပါသည်။

- အခန်း(၁) အပြည်ပြည်ဆိုင်ရာလူအခွင့်ရေးဥပဒေ နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေး လုပ်ငန်းစဉ်များမိတ်ဆက်ခြင်း (၂၃-၂၇ စက်တင်ဘာ ၂၀၁၆)

- အခန်း(၂) ဒီမိုကရေစီနိုင်ငံများနှင့် အာဏာခွဲဝေခြင်း (ဒီဇင်ဘာ ၁ - ၅ ၊ ၂၀၁၆ ) - အခန်း(၃) နိုင်ငံတော်ဖွဲ့စည်းပုံ၊ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း၊ ဖက်ဒရယ်ဝါဒ၏ အစိတ်အပိုင်း များနှင့် ဒေသန္တရအုပ်ချုပ်မှု (ဖေဖော်ဝါရီလ ၁၇-၂၁ ရက် ၂၀၁၇)

- အခန်း (၄) တာဝန်ခံမှု၊ စစ်မှန်သောရွေးကောက်ပွဲများနှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်း (မတ်လ ၃၁- ဧပြီလ ၄ ရက် ၂၀၁၇)

မြန်မာဒီမိုကရေစီ (Fellowship) တွင်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေ၊ ဒီမိုကရေစီရေးရာ များနှင့်ပတ်သက်၍ မတူညီသောရှ့ူဒေါင့်အမြင်များပါဝင်မည်ဖြစ်ပါသည်။ သင်ခန်းစာများသည် တက်ရောက်သူများအား အောက်ဖော်ပြပါဧရိယာများကို လေ့လာဆည်းပူးခွင့်ရရှိမည်ဖြစ်ပါသည်။

• နိုင်ငံသား၊ နိုင်ငံရေးအခွင့်အရေးများနှင့် ရွေးကောက်ပွဲများ • အာဏာခွဲဝေခြင်းနှင့်ထိန်းညှိခြင်း • ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း နှင့် ဒေသန္တရအုပ်ချုပ်မှု • လက်နက်ကိုင်တပ်ဖွဲ့များ၏ ဒီမိုကရေစီဆန်သောအုပ်ချုပ်မှု

Page 2: DRI MM STEP Application Process MM Version FINALdemocracy-reporting.org/wp-content/uploads/2016/07/D… ·  · 2017-01-24အဖွဲ့ဝင်များနှင့်လည်း

2|P a g e

သင်ခန်းစာတိုင်းသည် သင်တန်းသားများအား နိုင်ငံရေးအခြေခံ ဥပဒေများအုတ်မြစ်ချခြင်းနှင့် အတွေး အခေါ်မြင့်မားစေခြင်းတို့ပါဝင်ပါသည်။ အောက်ပါအချက်များကို ကျွ မ်းကျင်ပိုင်နိုင်ရန်အတွက် သင်ရိုးခွဲအခန်း တစ်ခုစီတိုင်းတွင် လက်တွေ့လေ့ကျင့်ခြင်းများပါဝင်ပါသည်။

- သုတေသပြုလုပ်ခြင်း၊ မူဝါဒဆိုင်ရာစာတမ်းများရေးဆွဲခြင်းနှင့် ဆွေးနွေးတင်ပြမှု - သက်ဆိုင်ပတ်သက်သောသူများအားစီစစ်ပိုင်းခြားခြင်း၊ မဟာဗျုဟာအစီအစဉ်ရေးဆွဲနည်းများ - အခြားသောသူများအား အခြေခံသင်တန်းပေးသည့် နည်းလမ်းများ - အဆိုပြုလွှာများရေးဆွဲခြင်းနှင့်အဖွဲ့ အစည်းတိုးတက်မြင့်မားရေး

သင်ရိုးခွဲအခန်းတိုင်းသည် သင်ကြားပေးခြင်း၊ တင်ပြဆွေးနွေးခြင်း၊ အလုပ်ရုံဆွေးနွေးခြင်း၊ အပြန်အလှန်စကားစစ်ထိုးခြင်းတို့ပါဝင်သည်။ အဓိကဒီမိုကရေစီအရေးကိစ္စများအကြောင်း ညနေခင်း သင်ခန်းစာများ၊ ပါဝင်ပတ်သောသူများနှင့်အစည်းအဝေးများသည် (လွှတ်တော်အမတ်များအပါအ၀င်) တချို့သင်ခန်းစာများအတွက် ဖြည့်စွက်ချက်များဖြစ်ကာ လူအခွင့်ရေးလှုပ်ရှားမှု ဗီဒီယိုများကြည့်ရှ့ူ ခြင်းနှင့် အပြန်အလှန်စကားစစ်ထိုးဆွေးနွေးခြင်းများလည်း ပါဝင်ပါသည်။ တက်ရောက်ခွင့်ရရှိသူများသည် သင်ခန်းစာတစ်ခုပြီးသည်နှင့် သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းဆရာများပါ အသုံးပြုနိုင်သည့် အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့် အိမ်စာများ ပြုလုပ်ပေးပို့ ရမည်ဖြစ်သည်။ အိမ်စာဆိုရာတွင် လေ့ကျင့်ခန်းများ ဖတ်မှတ်ခြင်း၊ အတွေ့အကြံများ မျှဝေခြင်း၊ အချက်အလက်များရေးသားထည့်ဝင်ခြင်းစသည်တို့ပါရှိပြီး သင်တန်းသားအနေဖြင့် တစ်ပတ်တွင် အနည်းဆုံး တစ်နာရီ သင်တန်းအတွက် အချိန်ပေးနိုင်ရမည်ဖြစ်သည်။ (MDF မှမည်ကဲ့သို့ အကျိုးကျေးဇူးတွေ ရနိုင်မည်နည်း)

• မြန်မာဒီမိုကရေစီ Fellowship မိတ်သဟာရအစီအစဉ်တွင်ပါဝင်ခြင်းအားဖြင့် ရွှေးကောက်ပွဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်သည်သဘောတရားများကို သိရှိလာမည်။

• သင်ခန်းစာ (၄) ခုလုံး ပြီးဆုံးသွားပါက သင်တန်းဆင်းလက်မှတ် ရရှိမည်ဖြစ်သည်။ • သင်တန်းမှထူးချွန်သော သင်တန်းသား/သူများသည် DRI အဖွဲ့၏ website ပေါ်တွင် ဆောင်းပါးတစ်ပုဒ် ရေးသားဖော်ပြခွင့်ရရှိမည်ဖြစ်သည်။

• မြန်မာဒီမိုကရေစီ Fellowship မိတ်သဟာရအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် သင်၏လူမှု ပေါင်းသင်းဆက်ဆံရေးကွန်ယက်ကို ချဲ့ထွင်လာနိုင်မည်ဖြစ်သည်။ လှုပ်ရှားမှုများမှ တစ်ဆင့် ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များ၊ မြန်မာနိုင်ငံမှအခြားလူထုအခြေပြုအဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံနိုင်ခွင့်ရှိမည်။

• သင်တန်းသူ/သားသည် သတင်း၊ အသိပညာများနှင့် ရင်းမြစ်များမျှဝေနိုင်မည့် ကျောင်းသား ဟောင်းများကွန်ယက်၏ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်လာပါမည်။

• သင်တန်းသားများအား နည်းပြများမှ အွန်လိုင်းမှတစ်ဆင့် မြန်မာဘာသာဖြင့်လည်းကောင်း အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း လမ်းညွှန်ပြသမည်ဖြစ်သည်။ ထို့အပြင် သင်တန်းသားများ သည် စီမံကိန်းနှင့်ပတ်သက်သည့် သုတေသနပြုလုပ်ရာတွင်လည်းကောင်း၊ မိမိတို့အဖွဲ့ 

Page 3: DRI MM STEP Application Process MM Version FINALdemocracy-reporting.org/wp-content/uploads/2016/07/D… ·  · 2017-01-24အဖွဲ့ဝင်များနှင့်လည်း

3|P a g e

အစည်း၏လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း အခက်အခဲတစ်စုံ တစ်ရာရှိပါက အကူအညီတောင်းခံနိုင်မည်ဖြစ်သည်။

• ကျွမ်းကျင်ပညာရှင်များနှင့် နည်းပြဆရာများသည် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ လမ်းညွှန်ပြသခြင်းအပြင် နိုင်ငံခြားသို့ သွားရောက်ပညာသင်ကြားနိုင်မည့် အခွင့် အလမ်းများကိုလည်း လမ်းညွှန်ပြသသွားမည်ဖြစ်သည်။

(မည်သူတွေ လျှောက်ထားနိုင်သလဲ) • မြန်မာဒီမိုကရေစီ Fellowship မိတ်သဟာရအစီအစဉ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြင်ဆင် ခြင်းနှင့် မြန်မာနိုင်ငံတွင်ဒီမိုကရေစီအုပ်ချုပ်မှုမြှင့်တင်ခြင်းဆိုင်ရာ အသိပညာဗဟုသုတများကို တိုးတက်လိုသူများအတွက်ဖြစ်ပါသည်။

• ပါဝင်လိုသူများသည် အစီအစဉ်တစ်ခုလုံးတွင် ပြီးဆုံးထိတိုင်ပါဝင်ရမည်ဖြစ်ပြီး မိမိအဖွဲ့စည်း၊ မိမိ ရပ်ရွာလူမှုအဖွဲ့အစည်းနှင့် နိုင်ငံကို အကျိုးပြုနိုင်အောင် ပြန်လည်အကောင်ထည်ဖော်နိုင်ရမည်။

• အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် တိုင်းရင်းသားလူနည်းစုများကိုလည်း လျှောက်ထားရန် အထူး တိုက်တွန်းလိုပါသည်။

• ပါဝင်သောသူများသည် မြို့ (၄) မြို့တွင် ပြုလုပ်မည့် သင်ရိုးခွဲတိုင်းတွင်ပါဝင်ရမည်ဖြစ်ပြီး ပြန်လည် မျှဝေနိုင်ရမည်။

• အခန်းကဏ္ဌများအားလုံးအောင်မြင်စွာတက်ရောက်နိုင်သောသူများကိုသာ သင်တန်းပြီးဆုံးခြင်း လက်မှတ်ထုတ်ပေးမည်ဖြစ်ပါသည်။

• အင်္ဂလိပ်စာအခြေခံနှင့် IT အခြေခံကျွမ်းကျင်မှုရှိရမည်။

အခြားသတင်းအချက်အလက်များ

မိတ်သဟာရအစီစဉ်သည် အများဆုံး ၁၀ လ (စင်တင်ဘာ၊ ၂၀၁၆ မှ ဇွန်လ၊ ၂၀၁၇ ထိ) ကြာမြင့်မည် ဖြစ်ပြီး (၅) ရက်ကြာ သင်ရိုးအခွဲ (၄) ခုပါဝင်သည်။ ပါဝင်သူများသည် အစီအစဉ်အားလုံးကိုပါဝင် တက်ရောက်ရမည်ဖြစ်ပြီး အစီအစဉ် (၁) ကို ရန်ကုန်တွင်ပြုလုပ်၍ ကျန်အစီအစဉ်များကို အခြားသော မြို့များတွင်ကျင်းပမည်ဖြစ်သည်။

ပါဝင်သောသူများအတွက် အစီအစဉ်အားလုံးတက်ရောက်နိုင်ရန်ကုန်ကျစရိတ်အားလုံး ထောက်ပံပေး သွားမည်ဖြစ်သည်။ ခရီးစရိတ်၊ သင်တန်းကြေး၊ နေရာထိုင်ခင်းများအတွက် အားလုံးထောက်ပံပေး သွားမည်ဖြစ်သည်။

Page 4: DRI MM STEP Application Process MM Version FINALdemocracy-reporting.org/wp-content/uploads/2016/07/D… ·  · 2017-01-24အဖွဲ့ဝင်များနှင့်လည်း

4|P a g e

မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ စုစုပေါင်း အယောက် (၂၀) ကို ရွေးချယ်မှာဖြစ်ပါသည်။ လျှောက်လွှာအား ဇူလိုင်လ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပြီး ပိတ်ရက်ကျော်လွန်မှ ရောက်လာသောလျှောက်လွှာများအား လက်ခံစဉ်းစားတော့မည်မဟုတ်ပါ။

ရွေးချယ်စီစစ်ခြင်းကို ဇူလိုင် လ (၁၅) ရက်နှင့် ဇူလိုင်လ (၃၀) အကြားတွင်စတင်မှာဖြစ်ပြီး ရွေးချယ် လက်ခံသောသူများကို သြဂုတ်လ (၁) ရက် တွင် အကြောင်းကြားမည်ဖြစ်သည်။

အကြောင်းစုံအသေးစိတ်ကို Charity-Oriented Myanmar ရုံး (သို့) DRI မြန်မာရုံးကို DRI Facebook Account မှတဆင့်ဖြစ်စေ Email မှတဆင့်ဖြစ်စေ [email protected] မြန်မာဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။

မည်သို့ ပေးပို့လျှောက်ထားနိုင်မည်နည်း

• ပူးတွဲပါလျှောက်လွှာပုံစံအားဖြေဆိုဖြည့်စွက်ပါ။ • ကိုယ်ရေးကိုယ်တာ အချက်လက် CV ကို ပူးတွဲပေးပို့ရမည်။ • အသက်မွေးဝမ်းကျောင်း/အတတ်ပညာဆိုင်ရာ ထောက်ခံစာများရှိပါက ပူးတွဲတင်ပြနိုင်သော် လည်းမဖြစ်မနေ တင်ပြရမည်ဟု မဆိုလိုပေ။

• ၀န်ထမ်းဖြစ်ပါက သင်တန်းကိုပြီးဆုံးသည်အထိ တက်ရောက်ခွင့်ပြုကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်း၏ အကြီးအကဲထံမှ ခွင့်ပြုချက် ပူးတွဲတင်ပြရမည်။

• Email မှတဆင့်ဖြစ်စေ၊ လူကိုယ်တိုင် DRI ရုံးကို ဖြစ်စေ စာရွက်စာတမ်းလျှောက်လွှာများကို ဇူလိုင်လ (၁၅) ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့နိုင်ပါသည်။

DRI ရုံးလိပ်စာ၊ (၆၈ - ခ)၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန် DRI Facebook လိပ်စာ : Democracy Reporting International- DRI Myanmar ဆက်သွယ်ရမည့် email လိပ်စာ: [email protected]

Page 5: DRI MM STEP Application Process MM Version FINALdemocracy-reporting.org/wp-content/uploads/2016/07/D… ·  · 2017-01-24အဖွဲ့ဝင်များနှင့်လည်း

5|P a g e

လျှောက်လွှာဖောင်ပုံစံ

I. ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်

အမည်

ကျား/မ

မွေးနေ့ (နေ့၊ လ၊ နှစ်)

ဆက်သွယ်ရန်သတင်းအချက်အလက် ဖုန်းနံပါတ်

အီးမေးလ်လိပ်စာ

Facebook လိပ်စာ

အဖွဲ့ဝင်ဖြစ်ခြင်း

ကျေးဇူးပြုပြီး လက်ရှိသင်အဖွဲ့ဝင်အဖြစ် ပါဝင်နေသောအဖွဲ့စည်းများ၏ အမည်များကို ရေးပေးပါ။

Page 6: DRI MM STEP Application Process MM Version FINALdemocracy-reporting.org/wp-content/uploads/2016/07/D… ·  · 2017-01-24အဖွဲ့ဝင်များနှင့်လည်း

6|P a g e

အင်္ဂလိပ်စာကျွမ်းကျင်မှု

အောက်ပါအကွက်များတွင် သင်၏အင်္ဂလိပ်အဆင့်ကို ခြစ်ပေးပါ။ နားထောင်မှုစွမ်းရည် ။ အရမ်းကောင်းတယ်_____ ကောင်းတယ်_____ လုံလောက်တယ်_____

မကောင်းဘူး _____

အဖတ်စွမ်းရည် ။ အရမ်းကောင်းတယ် _____ ကောင်းတယ် _____ လုံလောက်တယ် _____

မကောင်းဘူး _____

ပြောနိုင်စွမ်းရည် ။ အရမ်းကောင်းတယ် _____ ကောင်းတယ် _____ လုံလောက်တယ် _____

မကောင်းဘူး _____

ပညာရေးနယ်ပယ် (သို့) လုပ်ငန်းခွင်မှ သင့်အားယခုသင်တန်းတက်ရောက်ရန် ထောက်ခံပေးမည့်သူ၏ နာမည်နှင့် ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ နာမည် . . ……………………………. ဆယ်သွယ်ရန် လိပ်စာ/ဖုန်း: . ………………………… .

အင်တာနက်ကို ဘယ်နှစ်ကြိမ်အသုံးပြုပါသလဲ? တစ်နေ့ ………………………(ကြိမ်) တစ်ပတ် …………………….. (ကြိမ်)

သင့်တွင် ကွန်ပျူတာ ရှိသလား? ရှိသည် မရှိပါ

ကွန်ပျူတာမရှိပါ သို့သော် ကျွန်တော်/ကျွန်မသည် ကွန်ပြူတာကို တပတ်လျှင် …………… ကြိမ် ပုံမှန် သုံးနိုင်ပါသည်

Page 7: DRI MM STEP Application Process MM Version FINALdemocracy-reporting.org/wp-content/uploads/2016/07/D… ·  · 2017-01-24အဖွဲ့ဝင်များနှင့်လည်း

7|P a g e

မေးခွန်း ၁ ဤသင်တန်းတွင်ပါဝင်ခြင်းဖြင့် မည့်သည့်ဗဟုသုတ၊ ကျွမ်းကျင်မှု၊ တတ်စွမ်းခြင်းများရရှိရန် မျှော်မှန်း ပါသနည်း။ အများဆုံး စကားလုံး ၃၀၀

Page 8: DRI MM STEP Application Process MM Version FINALdemocracy-reporting.org/wp-content/uploads/2016/07/D… ·  · 2017-01-24အဖွဲ့ဝင်များနှင့်လည်း

8|P a g e

မေးခွန်း ၂ မြန်မာဒီမိုကရေစီအတွက် သင်၏မျှော်မှန်းချက်ကဘာလဲ။ အရပ်ဘက်အဖွဲ့အစည်း (CSO) များက မည့်သည့်အခန်းကဏ္ဍမှ ပါဝင်ကြသနည်း။ အများဆုံး ၃၀၀-၆၀၀ စကားလုံး

Page 9: DRI MM STEP Application Process MM Version FINALdemocracy-reporting.org/wp-content/uploads/2016/07/D… ·  · 2017-01-24အဖွဲ့ဝင်များနှင့်လည်း

9|P a g e

မေးခွန်း။ ၃ ကောင်းမွန်သော သင်တန်းဆရာသည် မည်ကဲ့သို့ ဖြစ်သင့်သနည်း။ သင်တန်းဆရာနှင့် ပတ်သက်ပြီး မည်ကဲ့သို့ မျှော်လင့်ထားသည်ကို ပြောပြပါ။ အများဆုံး ၃၀၀ စကားစု

Page 10: DRI MM STEP Application Process MM Version FINALdemocracy-reporting.org/wp-content/uploads/2016/07/D… ·  · 2017-01-24အဖွဲ့ဝင်များနှင့်လည်း

10|P a g e

မေးခွန်း။ ၄ သင့်အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များကို ပြောပြပြီး သင့်အနေဖြင့် မည်သည့် အခန်းကဏ္ဍ မှပါဝင်ဆောင်ရွက်ရသည်ကို ဖော်ပြပါ။ အများဆုံး စကားလုံး ၂၀၀